add set functional cookie remove unset functional cookie close
You can see rails going into the sunset in an industrial setting. You can see rails going into the sunset in an industrial setting.

လူကြီးမင်း၏ကုန်စည်များကို ကမ္ဘာအနှံ့ ပို့ဆောင်ပေးမ

Rhenus ၏ နေ့စဉ်စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် ကမ္ဘာအနှံ့ကုန်စည်စီးဆင်းမှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ Rhenus Myanmar သည် ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးကို ထိရောက်သေချာစွာဝန်ဆောင်မှုပေးနေသည့် လူကြီးမင်းတို့၏ ယုံကြည်စိတ်ချရသော စီးပွားရေးလက်တွဲဖော်ဖြစ်ပါသည်။

keyboard_arrow_up
လူကြီးမင်း၏ ကုန်စည်များအတွက် လေကြောင်းပို

လူကြီးမင်း၏ ကုန်စည်များအတွက် လေကြောင်းပို

လေကြောင်း ကုန်စည်ပို့ဆောင်ရေးသည် လူကြီးမင်းတို့၏ အချိန်မြန်ဆန် တိကျမှုကိုလိုအပ်နေသောကုန်စည်များအတွက် အသင့်လျော်ဆုံးဖြစ်ပါသည်။ ကုန်ပစ္စည်းများကို စိတ်ချယုံကြည်စွာ နှင့် ပွင့်လင်းမြင်သာမှုရှိစွာ ပို့ဆောင်ရေးအတွက် Rhenus Myanmar ၏ လေကြောင်းဝန်ဆောင်မှုများသည် ထိရောက်သေချာသော ပို့ဆောင်မှုကိုဖော်ဆောင်ပေးနိုင်ပါသည်။  ကုန်းလမ်းကြောင်းပို့ဆောင်ရေး သို့မဟုတ် ရေကြောင်းပို့ဆောင်ရေး ကဲ့သို့သော အခြားသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်ပါက လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေးသည် လူကြီးမင်း ၏ ကုန်ပစ္စည်းများကို ပိုမိုမြန်ဆန်စွာ ပို့ဆောင်ပေးနိုင်ပါသည်။

RHENUS ၏လေကြောင်းကုန်စည်ပို့ဆောင်ရေးမှရရှိနိုင်သော

  • လွယ်ကူလျင်မြန်သော အချက်အလက်များရယူမှုနှင့် အော်ဒါတင်ခြင်း အတွက် အင်တာနက်အခြေပြု ဝန်ဆောင်မှုများ
  • လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် တိကျသောအချိန်ဇယားဆွဲထားမှု
  • ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကိုထိရောက်အကျိုးရှိစွာ အသုံးချမှု
  • ပွင့်လင်းမြင်သာရေးအတွက် ကုန်စည်ပို့ဆောင်ရေး ခရီးစဉ်တစ်လျှောက် ကုန်စည်ခြေရာခံခြင်း (Track & Trace) လုပ်နိုင်မှု
  • ပြီးပြည့်စုံသော စာရွက်စာတမ်းပြုစုမှုနှင့် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ကူညီထောက်ပံ့မှု
add

ဝန်ဆောင်မှု အရည်အသွေးစံနှုန်းကောင်းကို ထိန်းထားနို

Rhenus Myanmar သည် ကြီးမားကျယ်ပြန့်သောလေကြောင်းကွန်ရက်များကို အသုံးပြုကာ ကောင်းမွန်ချောမွေ့သော လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ကိုင်တွယ်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် စိစစ်ထားပြီးသောလက်ရွေးစင်လေကြောင်းလိုင်းအုပ်စုများဖြင့်သာ လည်ပတ်ဆောင်ရွက်ကြပါသည်။

Rhenus ၏ ဝန်ဆောင်မှုအရည်အသွေးစံနှုန်းကောင်းများကို ထိန်းထားနိုင်ရန်အတွက် ကျွန်ုပ်တို့စီးပွားရေးမိတ်ဖက်များ၏ အချိန်တိကျမှန်ကန်မှုရှိသော စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် တိုင်းတာစစ်ဆေးပါသည်။ ထို့အပြင် လူကြီးမင်း၏ကုန်စည်များကိုအချိန်ပြည့် လုံခြုံမှုပေးရန်အတွက် လုံခြုံရေးမြင့်မားသော ကုန်စည်သိုလှောင်ရုံဝင်းများ ထားရှိပေးပါသည်။

add

ယုံကြည်စိတ်ချရသော ကုန်စည်ဖြတ်သန်းကူးပြောင်းခြင်း

Rhenus Myanmar သည် ပို့ဆောင်မှုများ အချိန်တိကျစေရေးအတွက် စမှတ်မှဆုံးမှတ်အထိ စောင့်ကြည့်ထောက်ပံ့မှုနှင့် ဆိုက်ရောက်ချိန်ထိန်းချုပ်မှုကဲ့သို့သော နည်းလမ်းများကို အသုံးပြုပါသည်။ ထို့အပြင် ပင်မသယ်ယူပို့ဆောင်ရေးနှင့် နောက်ဆုံးဦးတည်ရာနေရာရောက်ရှိရေးပို့ဆောင်မှုများ နှစ်ခုစလုံးအတွက် အချိန်တိကျသေချာမှုနှင့် ယုံကြည်စိတ်ချရမှုရှိသော စီးပွားမိတ်ဖက်များကိုသာရွေးချယ်အသုံးပြုပါသည်။

ပို့‌ဆောင်မှုနှင့်အချိန်များသည် စီစဉ်ထားသည်နှင့်ကွာဟနေမှုများသည် ဖြစ်ခဲလှသော်လည်း ဖြစ်ခဲ့သည်ရှိသော်
Rhenus သည် ကုန်စည်ပို့ဆောင်မှုအခြေအနေနှင့် လိုအပ်သောဝန်ဆောင်မှုများကို လူကြီးမင်းတို့အားကြိုတင်အသိပေးသွားမည်ဖြစ်ပါသည်။

add

လေကြောင်း ကုန်စည်ပို့ဆောင်မှုအတွက် RHENUS ၏ တန်ဖိုးထပ်ဖြည့်ဝန်ဆောင်မှုများ

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ