add set functional cookie remove unset functional cookie close
You can see rails going into the sunset in an industrial setting. You can see rails going into the sunset in an industrial setting.

လူကြီးမင်း၏ကုန်စည်များကို ကမ္ဘာအနှံ့ ပို့ဆောင်ပေးမ

Rhenus ၏ နေ့စဉ်စီးပွားရေးဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် ကမ္ဘာအနှံ့ကုန်စည်စီးဆင်းမှုသည် တစ်ခုအပါအဝင်ဖြစ်သည်။ Rhenus Myanmar သည် ကမ္ဘာအနှံ့ သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးကို ထိရောက်သေချာစွာဝန်ဆောင်မှုပေးနေသည့် လူကြီးမင်းတို့၏ ယုံကြည်စိတ်ချရသော စီးပွားရေးလက်တွဲဖော်ဖြစ်ပါသည်။

keyboard_arrow_up
You can see a highway in a big city at night.

ကုန်းလမ်းကြောင်း သယ်ယူပို့ဆောင်ရေး

Rhenus သည် ထိုင်း၊ မလေးရှားနှင့် အခြား အာရှနိုင်ငံများသို့ ထရပ်ကားအပြည့် ကုန်တင်မှု၊ ထရပ်ကားအပြည့်မဟုတ်သော ကုန်တင်မှု၊ ပြည်တွင်း၊ ပြည်ပ ထရပ်ကားဖြင့်ကုန်စည်ပို့ဆောင်မှုများပါဝင်သော သယ်ယူပို့‌‌ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါသည်။
နောက်ထပ်ဖတ်ရှုရန်
လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

လူကြီးမင်းတို့၏ကုန်စည်များကို ထိရောက်မှုရှိစွာဖြင့် ပို့ဆောင်ပေးနိုင်သောကြောင့် Rhenus ၏ လေကြောင်း ကုန်စည်ပို့ဆောင်ရေးသည် မြန်ဆန်၍ယုံကြည်စိတ်ချရပါသည်။ လူကြီးမင်းတို့၏ကုန်စည်များကို ဂရုတစိုက်ကိုင်တွယ်ပို့ဆောင်စေရေးအတွက် Rhenus သည် လေကြောင်းလိုင်းများ၊ ကုန်စည်ပို့ဆောင်ရေး ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းစိတ်တိုင်းကျဝန်ဆောင်မှုများ အပါအဝင် အပိုဆောင်းဝန်ဆောင်မှုအမျိုးမျိုးကိုလည်း တခြားကုမ္ပဏီများထက် သက်သာသောစျေးနှုန်းများဖြင့် ဆောင်ရွက်လုပ်ကိုင်‌ပေးလျက်ရှိပါသည်။
နောက်ထပ်ဖတ်ရှုရန်
ပင်လယ်ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

ပင်လယ်ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

Rhenus သည် ကုန်စည်ပို့ဆောင်ရေးများပြားဖြစ်ထွန်းသောကာလများအတွင်းပင်လျှင် ရေကြောင်း ကုန်ပို့စည်ဆောင်မှုကို တခြားကုမ္ပဏီများထက် သက်သာသောစျေးနှုန်းများဖြင့် ဆောင်ရွက်ပေးပါသည်။ ဤကဲ့သို့စျေးနှုန်းသက်သာမှုကြောင့် လူကြီးမင်း၏ ကုမ္ပဏီအတွက်ကမ္ဘာ့စီးပွားရေးလိုအပ်ချက်များကိုဖြည့်ဆည်းရန်အကောင်းဆုံးဖြစ်ပါသည်။
နောက်ထပ်ဖတ်ရှုရန်
ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး

ကုန်းတွင်းရေကြောင်းလမ်း၊ ခရီးတိုရေကြောင်းလမ်း နှင့် ကမ္ဘာ့တိုက်ကြီးများကိုဖြတ်သန်းသွားလာသော ခရီးရှည်ရေကြောင်းဝန်ဆောင်မှုများမှာ Rhenus ၏ရေကြောင်းပို့ဆောင်ရေး ပုံမှန် လုပ်ငန်းဆောင်တာများထဲမှ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ Rhenus ၏ ဆယ်စုနှစ်ပေါင်းများစွာချီသောအတွေ့အကြုံများကိုအသုံးချကာ ကျွန်ုပ်တို့၏ သင်္ဘောစုဖြင့် လူကြီးမင်းတို့ကုန်စည်များကို ကောက်ယူသယ်ဆောင်ပေးခြင်း မှအစ ဆိပ်ကမ်းတံတားကိုကျော်လွန်၍ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း အဆုံး ကိုင်တွယ်‌ဆောင်ရွက်ပေးနိုင်ပါသည်။
နောက်ထပ်ဖတ်ရှုရန်
You can see a freight train.

မီးရထားဖြင့်ကုန်စည်ပို့ဆောင်ရေး

ပို့ဆောင်နေစဉ်ခရီးအတွင်း အကောက်ခွန်ရှင်းလင်းရေးကိုလုပ်ဆောင်ရသောကြောင့် မီးရထားဖြင့် ကုန်စည်ပို့‌ဆောင်ရေးမှာ ပိုမို မြန်ဆန်လေ့ရှိပါသည်။ ထိုကဲ့သို့မြန်ဆန်သောကြောင့် နိုင်ငံများကြားကုန်စည်ပို့‌ဆောင်မှုအတွက်အထိရောက်ဆုံး ပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်သည်။
နောက်ထပ်ဖတ်ရှုရန်
တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကုန်စည်ပို့ဆောင်ရ

တစ်ခုထက်ပိုသော နည်းလမ်းများဖြင့် ကုန်စည်ပို့ဆောင်ရ

လူကြီးမင်း၏ ယုံကြည်စိတ်ချရသော ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ မိတ်ဖက်အနေဖြင့် Rhenus သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုစီမံကိန်း (Belt and Road Initiative) မှ ပံ့ပိုးပေးထားသော ကျယ်ပြန့်သည့် အရှေ့တိုင်းနှင့် အနောက်တိုင်းချိတ်ဆက်လမ်းမကြီးများ ကွန်ရက်မှတဆင့် လူကြီးမင်း၏ သယ်ယူပို့ဆောင်ရေးကွင်းဆက်များကို အကောင်းမွန်ဆုံးဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
နောက်ထပ်ဖတ်ရှုရန်
ကြီးမားလေးလံသောကုန်စည်ပို့ဆောင်ရေး

ကြီးမားလေးလံသောကုန်စည်ပို့ဆောင်ရေး

Rhenus Myanmar သည် တန်ပေါင်းများစွာ လေးလံသော သို့မဟုတ် အရွယ်အစားကြီးမားသော ကုန်စည်များကို သယ်ယူပို့ဆောင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်သော ပရောဂျက်ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု ကိုပေးစွမ်းပါသည်။ ပရောဂျက် ကုန်စည်များ ၎င်းတို့၏ဦးတည်ရာနေရာသို့ လုံခြုံစွာနှင့် အချိန်မီ ရောက်ရှိကြောင်း သေချာစေရန်အတွက် ပြီးပြည့်စုံသော သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ကျွမ်းကျင်စွာ ပံ့ပိုးပေးခြင်းဖြင့် လူကြီးမင်းတို့လိုအပ်ချက်များနှင့် ကိုက်ညီသော ပရောဂျက်စီမံခန့်ခွဲမှုကို ဖော်ဆောင်ပေးပါသည်။
နောက်ထပ်ဖတ်ရှုရန်
ကုန်စည်အလုံးအရင်း နှင့် ကုန်စည်ငယ်များခွဲယူ ပို့ဆေ

ကုန်စည်အလုံးအရင်း နှင့် ကုန်စည်ငယ်များခွဲယူ ပို့ဆေ

Rhenus Myanmar သည် နောက်ဆုံးပို့ဆောင်ရမည့်နေရာမရောက်မီ ကုန်တင်ကုန်ချပြုလုပ်သော ဝန်ဆောင်မှု၊ ကြီးမားလေးလံသော ကုန်စည်၊ ကုန်စည်အလုံးအရင်း၊ ကုန်စည်ငယ်များနှင့် အထွေထွေကုန်စည်များအား သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှု စသည့် ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ပေးပါသည်။
နောက်ထပ်ဖတ်ရှုရန်
အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှု

အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှု

Rhenus Myanmar သည် ကုန်စည်ပို့ဆောင်ရာတွင် နှောင့်နှေးမှုနှင့် မျှော်မှန်းမထားသော ကုန်ကျစရိတ်များ မရှိစေရန် သေသေချာချာလုပ်‌ဆောင်ပေးပါသည်။ ကျွန်ုပ်တို့၏ ဝါရင့်ကျွမ်းကျင်ပညာရှင်များသည် အမြဲပြောင်းလဲနေတတ်သောအကောက်ခွန်ဥပဒေများကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာကာ ချော့မွေ့မြန်ဆန်ပြီးယုံကြည်စိတ်ချရသော အကောက်ခွန်ရှင်းလင်းရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေပါသည်။
နောက်ထပ်ဖတ်ရှုရန်

မေးခွန်းများရှိပါသလား။

Rhenus Myanmar ၏ ကျွမ်းကျင်ပညာရှင်များသည် လူကြီးမင်းတို့အား ကူညီပေးရန် အမြဲအသင့်ရှိနေပါသည်။ မေးခွန်းများရှိပါက အဆင်ပြေ လွယ်ကူစေရန် Rhenus Myanmar မှ လူကြီးမင်းတို့အား ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ